Hluttaw Constituencies

အမျိုးသားလွှတ်တော် 
အမျိုးသားလွှတ်တော်(အထက်လွှတ်တော်)တွင် ကိုယ်စားလှယ် (၂၂၄) ဦးရှိပြီး ၄င်းတို့အနက် (၁၆၈)ဦးမှာ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်ကြသည်။ တပ်မတော်သား ကိုယ်စားလှယ်၅၆ဦးကိုလည်း အမျိုးသားလွှတ်တော် (အထက်လွှတ်တော်)၏ (၂၅) ရာခိုင်းနှုန်း အဖြစ်အချိုးကျ ခန့်အပ်ထားပါသည်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များမှာ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုကို အခြေခံ၍ တိုုင်းဒေသကြီး နှင့် ပြည်နယ်တစ်ခုစီတွင် ကိုယ်စားပြုမဲဆန္ဒနယ် (၁၂)ခု ဖြင့်သတ်မှတ်ပါသည်။

ပြည်သူ့လွှတ်တော် 
ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်)သည် မြန်မာနိုင်ငံ၏မြို့နယ်များကိုအခြေခံ၍ သတ်မှတ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ မြို့နယ် (၃၃၀) တွင် ပြည်သူ့ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ကိုရွေးချယ်တင်မြှောက်ရပါမည်။ သို့သော်  ဒေသငြိမ်းချမ်းရေးအခြေနေကြောင့် ရှမ်းပြည်နယ်၏ မြို့နယ် (၇)ခုဖြစ်သည့် (ကျေးသီး၊မိုင်းရူး၊ မိုင်းမန်၊ပန်ဆန်း၊ ပန်ဝိုင်း၊ မိုင်းလား၊ နားဖန့်) မြို့နယ်များတွင် မကျင်းပနိုင်ခြင်းကြောင့် ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် (၃၂၃) ခုတွင်သာကျင်းပနိုင်ခဲ့သည်။ (၂၅) ရာခိုင်းနှုန်းသောတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ကိုယ်စားလှယ် (၁၁၀)ဦး ရွေးချယ်တင်မြှောက်ပေးသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်
တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် ၁၄ခုအတွက် မဲဆန္ဒနယ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များကိုအခြေခံ၍ တစ်မြို့နယ်လျှင် မဲဆန္ဒနယ် (၂) နေရာဖြင့်ဆောင်ရွက်ပါသည်။ ပြည်သူများမှ သက်ဆိုင်ရာ မြို့နယ်များရှိ ၄င်းမဲဆန္ဒနယ်တစ်ခုချင်းအတွက် ကိုယ်စားလှယ်တစ်ယောက်စီကို ရွေးချယ်တင်မြှောက်ပါသည်။
မြို့နယ် (၃၃၀) ရှိခြင်းကြောင့် စုစုပေါင်းမဲဆန္ဒနယ် (၆၆၀) ခုရှိရမည်ဖြစ်သည်။ သို့သော် ဒေသငြိမ်းချမ်းရေး အခြေနေကြောင့်ရှမ်းပြည်နယ်ရှိ မြို့နယ် (၇)ခု အတွက် မဲဆန္ဒနယ် (၁၄)ခုအား မကျင်းပနိုင်ခြင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ(၈)မြို့နယ်အတွက် မဲဆန္ဒနယ် (၁၆ )ခု အား ထည်သွင်းသတ်မှတ်ခြင်း မရှိသောကြောင့်  တိုင်းဒေသကြီး နှင့် ပြည်နယ်များအတွက် မဲဆန္ဒနယ် (၆၃၀)ခု ရှိသည်ကိုတွေ့ရှိပါသည်။
ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုင်းဒေသကြီး နှင့် ပြည်နယ်များ၏လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၃ပုံ၁ပုံအတွက် တပ်မတော်သား (၂၂ဝ)ဦးအား ရွေးချယ်တင်မြှောက်ပေးသည်။

Amyotha Hluttaw (upper house of Parliament): There are 224 representatives in the Amyotha Hluttaw (upper house of Parliament) of which 168  representatives were elected in last elections. The Commander-in-Chief of the Defense Services appointed 56 Members of Parliament from the military, which is equivalent to 25% of the seats in the upper house. Constituencies for Amyotha Hluttaw are based on Myanmar’s 14 States and Regions, which will each elect 12 representatives. 

Pyithu Hluttaw (lower house of Parliament): Constituencies for the lower house are based on Myanmar’s township boundaries and therefore each of the 330 townships in Myanmar was to elect one representative to Pyithu Hluttaw. However, 7 townships were excluded due to armed insurgencies in Shan State namely Kyethi, Monghsu, Mongman, Pangsang, Pangwaun, Monglar and Narphan and there are 323 constituencies in the Pyithu Hluttaw. The remaining seats (25%) are representatives from military appointed by Commander-in-Chief of the Defence Services (N=110). 

State and Region Hluttaws: In each of the 14 State and Region Hluttaw, constituencies are based on the number of townships in a given state/region, with each township divided into two constituencies. A representative was elected from each constituency that was formed. Therefore, the total number of constituency was to be 660 since the country has 330 townships. However, 14 constituencies (2 each from 7 townships in Shan State with armed conflicts) and 16 Constituencies        (2 each from 8 Naypyitaw Council Townships) were excluded, and therefore there are 630 constituencies in 14 States and Regions. In addition, the Commander-in-Chief of the Defense Services appointed 220 military Members of Parliament to State/Region Hluttaw in order to make up one-third of the total seats.

constituencies_emr_all_hluttaws_mm_and_eng_08_jun_2016_.pdf
1.94 MB | pdf | 08-06-2016 | Myanmar | English
Download Preview
Creative Commons License