Age of Parliament Members

ရွေးချယ်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၆၈) ဦးတွင် ပျှမ်းမျှအသက်အားဖြင့် (၅၃) နှစ် နှင့် အငယ်ဆုံးအသက်မှာ (၃၀) နှစ် ဖြစ်ပြီး အကြီးဆုံးအသက်မှာ (၇၅) နှစ် ဖြစ်သည်ကို တွေ့ရပါသည်။ လွှတ်တော်ကိုယ်စားလှယ်အများစု၏ (၇၃) ရာခိုင်နှုန်းမှာ အသက် (၄၆)နှစ်နှင့် အထက်ဖြစ်ကြသည်။

 

ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ပျှမ်းမျှအသက်မှာ (၅၄) နှစ် ဖြစ်ပါသည်။ အငယ်ဆုံး အသက်မှာ (၂၆)နှစ် နှင့် အကြီးဆုံးအသက်မှာ (၈၁)နှစ် ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏  (၅၀) ရာခိုင်နူန်းနီးပါးမှာ အသက် (၅၅)နှစ် အထက်ဖြစ်ပါသည်။

 

တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ပျှမ်းမျှအသက်မှာ (၅၀) နှစ် ဖြစ်ပြီး အငယ်ဆုံးအသက် (၂၆)နှစ်နှင့် အကြီးဆုံးအသက် (၇၄)နှစ်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ ၃ပုံ၂ပုံ ခန့်(၆၃)ရာခိုင်နူန်းမှာ (၄၆)နှစ် နှင့် (၄၆) နှစ်အထက်ဖြစ်ပါသည်။

In Amyothar Hluttaw, out of 168 elected MPs, average age was 53 years old with the youngest age was 30 and the oldest was 75. Majority of MPs (73%) were 46 years and above.

 

In Pyithu Hluttaw, mean age of MPs was 54 years old. Minimum age was 26 and the maximum age was 81. A little more than 50% of MPs were 55 years old or below and the rest (~50%) of MPs were above 55 years old.

 

In State and Region Hluttaw, mean age of MPs was 50 years old with the youngest age 26 years old and the oldest 74 years old. Nearly two-thirds (63%) of MPs were 46 years and above. 

2_age_of_mps_emr_all_hluttaws_eng_and_mm_08_jun_2016.pdf
1.31 MB | pdf | 09-06-2016 | မြန်မာ | အင်္ဂလိပ်
Download လုပ်ရန် အစမ်းဖတ်ရှုရန်
Creative Commons License
လွှတ်တော်အားလုံးရှိ အမတ်များ၏ ပျမ်းမျှအသက်မှာ ၅၁ နှစ် ဖြစ်သည်။
ပြည်နယ်နှင့်တိုင်းအလိုက် နှိုင်းယှဉ်ပါက ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ရှိသော အမတ်များ၏ ပျမ်းမျှအသက်မှာ အကြီးဆုံးဖြစ်သည်(၅၆ နှစ်နှင့် ၅၄ နှစ်အသီးသီးရှိကြသည်)။ ကျန်ရှိသော အခြားပြည်နယ်နှင့်တိုင်းအားလုံးတွင် ရွေးကောက်ခံအမတ်များ၏ ပျမ်းမျှအသက်မှာ ၅၁ နှစ် နှင့် ၅၃ နှစ်ကြားဖြစ်ကြသည်။ လွှတ်တော်သုံးရပ်ရှိ အမျိုးသားနှင့်အမျိုးသမီး အမတ်များ၏ပျမ်းမျှအသက်ကို နှိုင်းယှဉ်ပါက  အမျိုးသားများ၏ ပျမ်းမျှအသက်မှာ ၅၂ နှစ်ဖြစ်ပြီး အမျိုးသမီးများမှာ ၄၇ နှစ်ဖြစ်သည်။ယေဘူယျအားဖြင့်ကြည့်လျှင် ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှလွဲ၍ အခြားပြည်နယ်နှင့်တိုင်းဒေကြီးများတွင် အမျိုးသားလွှတ်တော်အမတ်များ၏အသက်မှာ ပိုကြီးသည်ကို တွေ့ရသည်။