Brief analysis on the total laws passed at the first States and Regions Parliaments

အကျဉ်းချုပ်

ဤလေ့လာသုံးသပ်မှုအကျဉ်းတွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈၊ ဇယား ၂ ပါ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေပြုစာရင်းအရ လွှတ်တော်အသီးသီးက ပြဋ္ဌာန်းပြီးစီးသည့် ဥပဒေအရေအတွက်၊ ကဏ္ဍများအလိုက် ပြဋ္ဌာန်းပြီးစီးသည့် ဥပဒေရပ်အရေအတွက် စသည့် ကိန်းဂဏန်းအချက်အလက်တို့ပေါ်တွင် အခြေခံ၍သုံးသပ်ကာ ပထမအကြိမ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက ဥပဒေပြုရေးအခန်းကဏ္ဍ၌ မည်မျှ အတိုင်းအတာထိ ဆောင်ရွက်ခဲ့သနည်း ဆိုသည်ကို အကျဉ်းချုပ်၍ ဆန်းစစ်လေ့လာထားခြင်းဖြစ်ပါသည်။ 

ရှင်းလင်းချက်
ဥပဒေစုစုပေါင်းအရေအတွက်ဆိုသည်မှာ ပြဋ္ဌာန်းပြီးစီးသမျှ ပြင်ဆင်ဖြည့်စွက်သည့် ဥပဒေများ အပါအဝင် ဥပဒေအားလုံးကို ထည့်သွင်းတွက်ချက်ဖော်ပြခြင်းဖြစ်သည်။ ကဏ္ဍအလိုက်ဆိုသည်မှာ ဇယား ၂ တွင် ဖော်ပြသော ကဏ္ဍ (၈) ခုမှ ဥပဒေခေါင်းစဉ်ကြီး စုစုပေါင်း (၄၁) ရပ်ပေါ်တွင် အခြေခံ၍ တွက်ချက်သည်။ ယင်းခေါင်းစဉ်ကြီး ၄၁ ရပ် အောက်တွင် ဒေသလိုအပ်ချက်အလိုက် ထပ်မံပြဋ္ဌာန်းသော ဥပဒေခေါင်းစဉ်ခွဲများကို ထည့်သွင်းတွက်ချက်ဆန်းစစ်ခြင်းမပြုပါ။

ပထမအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အသီးသီးမှ ပြဋ္ဌာန်းပြီးစီးသော ဥပဒေ အရေအတွက်ကို လေ့လာဆန်းစစ်ခြင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈ ၊နောက်ဆက်တွဲ ဇယား ၂ အရ ပြဋ္ဌာန်းပြီးစီးသည့် ဥပဒေ စုစုပေါင်းအရေအတွက်အရ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်ေတော်မှ ဥပဒေ ၄၈ ခု၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှ ဥပဒေ ၄၅ ခု၊ ကချင်ပြည်နယ်လွှတ်တော်မှ ဥပဒေ ၄၃ ခုတို့ဖြင့် ဥပဒေအရေအတွက် အများဆုံး ပြဋ္ဌာန်းထားကြောင်း လေ့လာတွေ့ရှိရပြီး ကယားပြည်နယ်မှာ ၂၄ ခုဖြင့် အနည်းဆုံး ပြဋ္ဌာန်းထားပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှာ ဥပဒေ အနည်းဆုံး ၂၅ ခု မှ ၃၈ ခုကြား ပြဋ္ဌာန်းထားရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂) ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းအရ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တစ်ခုချင်းစီ၏ ကဏ္ဍအလိုက် ဥပဒေပြုနိုင်သည့်အခြေအနေ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈၊ ဇယား ၂ အရ တိုင်းဒေသကြီး နှင့်ပြည်နယ်လွှတ်တော်များက ဥပဒေပြုပိုင်ခွင့်ရှိသည့် ကဏ္ဍ ၈ ခုမှ စုစုပေါင်း ဥပဒေ ၄၁ ရပ် ပြဋ္ဌာန်းရန် ရှိသည့်အနက် ပထမအကြိမ် တိုင်းဒေသကြီး နှင့်ပြည်နယ်လွှတ်တော်အသီးသီးမှ ပြဋ္ဌာန်းပြီးစီးသည့် ဥပဒေ စုစုပေါင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်က ဥပဒေပြုရေးကဏ္ဍ ၂၇ ရပ် ၊ ကချင်ပြည်နယ် လွှတ်တော်က ဥပဒေပြုရေးကဏ္ဍ ၂၄ ရပ် နှင့်  မန္တလေးတိုင်းဒေသကြီးလွှတ်တော်က ဥပဒေပြုရေးကဏ္ဍ ၂၃ ရပ် တို့ အသီးသီး ပြဋ္ဌာန်းထားကြသည်။ ကဏ္ဍအလိုက် ဥပဒေပြဋ္ဌာန်းနိုင်မှုတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ပြဋ္ဌာန်းခွင့် ပြုသည့် ၄၁ ရပ်တွင် ၈ ရပ် တွင်သာ ပြဋ္ဌာန်းခဲ့ကြောင်း တွေ့ရသည်။ ကျန်တိုင်းဒေသကြီး နှင့်ပြည်နယ် လွှတ်တော်များတွင် အနည်းဆုံး ဥပဒေပြုရေးကဏ္ဍ ၁၁ ရပ် မှ ၂၀ ရပ် ထိ ပြဋ္ဌာန်းထားကြောင်း လေ့လာ တွေ့ရှိရပါသည်။

 

In the brief article, we analyze the total laws that have passed in the first States and Regions Parliaments in accord with 2008 Constitution, Article 188, Schedule Two of the Region or State Parliament legislature list and brief the sector wide legislative performance based on the quantitative data of each Parliament.

This analysis is currently available in Myanmar only. 

laws_passed_brief_analysis_.pdf
68.61 KB | pdf | 17-06-2016 | Myanmar
Download Preview
Creative Commons License