Inception of 22 winning political parties

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တို့သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကပင် စတင်တည်ထောင်ယှဉ်ပြိုင်ခဲ့ကြသော ပါတီများ ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပြန်လည်မှတ်ပုံတင်ကာ ယှဉ်ပြိုင်ခဲ့သော ပါတီဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာမူ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မှ မှတ်ပုံတင်ကာ ပြန်လည် ယှဉ်ပြိုင်လာခဲ့ခြင်း ဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ မှတ်ပုံတင်အမှတ်မှာ ( ၂) ဖြစ်ပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၄၇) ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ပါတီအဖြစ်ပြောင်းကာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်လာခြင်း ဖြစ်သည်။ ပါတီခေါင်းဆောင်ပိုင်းများမှာ တပ်မတော်မှအငြိမ်းစားယူကာ ဝင်ရောက်လာကြသူများဖြစ်ပြီး ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲတွင်လည်း တပ်မတော်မှအငြိမ်းစားယူထားသူပါတီဝင်များ အများစုအနိုင်ရရှိခဲ့သည်။ ပါတီ မှတ်ပုံတင်အမှတ်မှာ (၃၂) ဖြစ်သည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) သည် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန်အတွက် ဖွဲ့စည်းတည်ထောင်ခဲ့သော ပါတီ ဖြစ်သည်။ ပါတီမှတ်ပုံတင်အမှတ်မှာ (၆) ဖြစ်သည်။ ပါတီကို ဝါရင့်နိုင်ငံရေးသမားကြီးဖြစ်သော ဦးသုဝေက ဥက္ကဌအဖြစ် တာဝန်ယူပြီး ဦးဆောင်ပါဝင်သူများအဖြစ် ပါလီမန်ခေတ်ဝန်ကြီးချုပ်ဦးနု၏ သမီး ဒေါ်သန်းသန်းနု၊ ဝန်ကြီးဦးကျော်ငြိမ်း၏သမီး ဒေါ်ချိုချ်ိုကျော်ငြိမ်းနှင့် ဝန်ကြီးဦးဗဆွေ၏သမီး ဒေါ်နေရီဗဆွေတို့ဖြင့်စုစည်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။
တိုင်းရင်းသားအနိုင်ရပါတီ ၁၈ ပါတီတွင် လားဟူအမျိုးသားဖွ့ံဖြိုးတိုးတက်ရေးပါတီနှင့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီတို့သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ ဥပဒေအမှတ် ၄/၈၈) အရ ၂ဝ၁ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး မကျင်းပမီအထိ တည်ရှိနေပြီး ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကပင် ပါဝင်ခဲ့သော အမည်မပြောင်းလဲသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်သည်။  ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင်မူ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေ ပုဒ်မ-၂၅ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/ ၂ဝ၁ဝ) နှင့်အညီ ၄င်းတို့၏ပါတီများကို မှတ်ပုံပြန်တင်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။  လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၃) ဖြစ်ပြီး၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေး ပါတီ၏ မှတ်ပုံတင်အမှတ်စဉ်မှာ (၄) ဖြစ်သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာမူ ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဲ့သိုု ့ပင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး ဇွန်လ ၁၂ ရက်နေ့တွင်မှ  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ခဲ့ရာ မှတ်ပုံတင်အမှတ်မှာ (၅၆) ဖြစ်သည်။
ကျန်တိုင်းရင်းသားပါတီများအနက် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ မွန်အမျိုးသားပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွ့ံဖြိုးတိုးတက်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ  အဖွဲ့ချုပ်ပါတီတို့သည် ၂ဝ၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲပြီးမှသာလျှင် ပါတီတည်ထောင်ပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။ ကျန်တိုင်းရင်းသားပါတီများမှာ ၂ဝ၁ဝ ရွေးကောက်ပွဲကပင် မှတ်ပုံတင်ကာ ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

 

NLD and NUP were established and contested since 1990 general elections and NUP was re-registered for the 2010 elections. NLD which overwhelmingly won 1990 general elections, was only re-registered for 2012 by-elections. The party registration number of NUP is (2) and NLD is (47).

USDP was established in 1993 by changing its name “Union Solidarity and Development Association” to Union Solidarity and Development Party. In this party, retired military generals were taking the leading roles and some of them won most of the seats in 2010 general elections. The registration number of USDP is (32).

Democratic Party (Myanmar) was the party established to run the 2010 general elections and the registration number is (6). U Thu Wai was the president and Daw Than Than Nu (daughter of Prime minister U Nu in Parliament Democracy), Daw Cho Cho Kyaw Nyein (daughter of Minister U Kyaw Nyein) and Daw Nay Yee Ba Swe (daughter of Minister U Ba Swe) were leading the party.

Among 18 winning ethnic political parties, La Hu National Development Party and Kokang Democracy and Unity Party had still been existed since 1990 elections without changing their names before the 2010 general elections. For 2010 general elections, these two parties re-registered according to the article 25 of the law of political party registration (SLORC 2/2010).

The registration numbers of La Hu National Development Party and Kokang Democracy and Unity Party were (3) and (4) respectively.

Shan Nationalities Leagues for Democracy participated in the 1990 general election but it boycotted the 2010 general election like NLD and did not compete for a seat in 2010 elections. It re-registered only after 2012 by-election and the registration number was (56).

Among other ethnic parties, Akha National Development Party, Mon National Party, Kachin State Democracy party, Lisu National Development Party, Tai-Leng Nationalities Development Party, Zomi Congress for Democracy Party and Shan Nationalities League for Democracy (SNLD) were newly registered as political parties after 2012 by-election. The rest ethnic parties registered since 2010 general election.

profile_of_parties_eng_and_myanmar.pdf
95.08 KB | pdf | 11-06-2016 | Myanmar | English
Download Preview
Creative Commons License