Inception of winning parties in 2015 General Elections

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ရာ ပါတီပေါင်း (၉၀) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ကိုယ်စားလှယ်နေရာ (၁၁၅၀) ရှိသည့်အနက် (၈၈၆) နေရာရရှိခြင်းဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများဆုံးနိုင်ခဲ့သည်။ ဒုတိယအများဆုံး အနိုင်ရရှိသော ပါတီမှာ (၁၁၇) နေရာအနိုင်ရရှိသော  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖြစ်ပြီး ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်နေရာ (၄၅) ရရှိကာ တတိယအများဆုံး ဖြစ်ခဲ့သည်။ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပါတီ (၉၀) တွင် တိုင်းရင်းသားပါတီများမှာ (၅၃) ဖြစ်ပြီး အခြားသောပါတီများမှာ (၃၇) ဖြစ်သည်။ အနိုင်ရရှိသော ပါတီ (၂၂) ပါတီတွင် (၁၈) ပါတီသည် တိုင်းရင်းသားပါတီများဖြစ်ပြီး အခြား (၄) ပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့ ဖြစ်ကြသည်။  

ယခု တင်ပြထားသော အချက်အလက်များမှာ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် အနိုင်ရထားသော နိုင်ငံရေးပါတီ (၂၂) ပါတီတို့၏ အခြေခံအချက်အလက်များကို အများပြည်သူအလွယ်တကူလေ့လာနိုင်စေရန် ဖြစ်သည်။ 

2015 general election was held on 8th November 2015 and 90 political parties contested for parliament seats. NLD got landslide victory with the majority of seats - 886 out of 1150 parliament seats. As for second and third winning parties, USDP won 117 seats and Arakan National Party won 45 contested seats.

During recent elections, 90 political parties competed that consisted of 53 ethnic parties and other 37 parties. In total, 22 parties won of which 18 were ethnic parties and other 4 parties were NLD, USDP, NUP and Democratic Party (Myanmar).  

The analysis intended to describe the inception of winning parties to better understand about the political context in Myanmar. 

inception_of_winning_parties_eng_and_mm_31_aug_2016.pdf
2.61 MB | pdf | 31-08-2016 | Myanmar | English
Download Preview
Creative Commons License