Report No. 1 of Parliamentary Observation Program, Open Myanmar Initiative

မြန်မာ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြု ချဉ်းကပ်လေ့လာချက်
(ပထမအကြိမ်မှ ဆဋ္ဌမအကြိမ်ထိ ပုံမှန်အစည်းအဝေးများအတွင်း မေးခွန်းများလေ့လာချက်)

ပွင့်လင်းမြန်မာ့ရှေ့ဆောင်၊ လွှတ်တော်စောင့်ကြည့်လေ့လာရေး အစီအစဉ်၏ အစီရင်ခံစာ အမှတ်(၁) တွင် ပထမအကြိမ် ပြည်သူ႔လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို႔၏ ပထမပုံမှန် အစည်းအဝေးမှ ဆဋ္ဌမပုံမှန်အစည်းအဝေးထိ မေးမြန်းခဲ့သော ကြယ်ပွင့်ပြမေးခွန်များနှင့် ပတ်သက်သည့် အချက်အလက်များကို   ကိန်းဂဏန်းအခြေပြု လေ့လာဆန်းစစ်ထားပါသည်။ ပုံမှတ်အစည်းအဝေး ခြောက်ကြိမ်အတွက် လွှတ်တော်အစည်းအဝေးရက်စုစုပေါင်း (၁၇၃) ရက်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်း သူ (၂၃၈) ဦးရှိခဲ့ပြီး၊ လွှတ်တော်အစည်းအဝေးရက် ၁၆၉  ရက်ကျင်းပခဲ့သည် အမျိုးသားလွှတ်တော်တွင် မေးခွန်းမေးမြန်းသူ (၁၃၅) ဦးရှိသည်။ မေးခွန်းမေးမြန်းခြင်းမရှိသည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၂၅) ဦးရှိပြီး၊ အလားတူ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၄၀) ဦးရှိသည်။  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဓိကမေးမြန်းသည့် အကြောင်းအရာ/ကဏ္ဍများမှာ အခြေခံအဆောက်အအုံ၊ အုပ်ချုပ်ရေး၊ ပညာရေးနှင့် သက်ဆိုင်သော မေးခွန်းများဖြစ်ကြပြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အဓိမေးမြန်းကြသည့် အကြောင်းအရာ/ကဏ္ဍများမှာ အခြေခံ အဆောက်အအုံ၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးတို႔နှင့် သက်ဆိုင်သော မေးခွန်းများဖြစ်သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းအများစုသည် အစိုးရကို ထိန်းကျောင်းရန်ရည်ရွယ်ကြောင်း တွေ့ရပြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်းအများစုမှာ မဲဆန္ဒရှင်များအား ကိုယ်စားပြုမှုအတွက် အဓိကထား၍ မေးမြန်ကြကြောင်းတွေ့ရသည်။ 

 

The Quantitative Study on Questions of Myanmar Parliament (1st regular session to 6th regular session) 

Report No. 1 of Parliamentary Observation Program by Open Myanmar Initiative features quantitative study of questions raised by MPs in the First Pyithu Hluttaw (House of Representatives), Amyotha Hluttaw (House of Nationalities) and Pyidaungsu Hluttaw (Assembly of the Union of the Republic of Myanmar) from the first regular session to the sixth regular session. A total of 238 MPs raised questions during 173 session days in Pyithu Hluttaw in six sessions and 135 MPs raised questions during 169 session days in Amyotha Hluttaw. A total of 125 elected MPs in Pyithu Hluttaw and 40 in Amyotha Hluttaw did not raise any questions. Pyithu Hluttaw MPs raised most parliamentary questions about the infrastructural development, administration and education, while Amyotha Hluttaw MPs raised most questions about infrastructural development, health       and administration. Pyithu Hluttaw MPs raised most questions for the purpose of the government oversight, while Amyotha Hluttaw MPs focused more on representing voters. 

omi_report_1_parliamentary_observation_program_eng.pdf
6.81 MB | pdf | 25-07-2016 | Myanmar | English
Download Preview
Creative Commons License