Voter Turnout for Pyithu Hluttaw

ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်များအတွက် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၄,၂၉၅,၃၃၄ ရှိသည်။ မဲရုံသို့သွားရောက်ပေးသောမဲမှာ ၂၂,၄၇၃,၆၀၂ မဲ နှင့် ကြိုတင်မဲမှာ ၁,၄၃၈,၁၈၂ မဲဖြစ်သည့်အတွက် မဲပေးသူစုစုပေါင်း ၂၃,၉၁၁,၇၈၄ ဦး (မဲပေးခွင့်ရှိသူများ၏ ၆၉.၇၂%) ဖြစ်သည်။  

ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် ဧရာဝတီ တိုင်းတို့တွင် မဲပေးခွင့်ရှိသူများ၏ ၇၀% ကျော် မဲပေးခဲ့ကြပြီး ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းနှင့် တနင်္လာရီတိုင်းတို့တွင် မဲပေးသူ ၆၀% မှ ၇၀%ကြားရှိခဲ့သည်။ အခြားတိုင်းဒေသကြီးများနှင့်ပြည်နယ်များ နိုင်းယှဉ်ပါက ကရင်ပြည်နယ်တွင် ၄၇% ၊ မွန်ပြည်နယ်တွင် ၅၁% ဖြစ်ရာ မဲပေးသူအနည်းဆုံးပင်ဖြစ်သည်။

ကရင်ပြည်နယ်မှလွဲ၍ အခြားတိုင်းဒေသကြီးများနှင့်ပြည်နယ်များအားလုံးတွင် ၅% မှ ၁၀%သည် ကြိုတင်မဲဖြစ်ပြီး ကရင်ပြည်နယ်တွင်မူ ကြိုတင်မဲပေးသူမှာ ၁၂% အထိရှိခဲ့သည်။

In total, 34,295,334 were eligible to votes for representatives in Pyithu Hluttaw. Those who went to polling stations and casted votes were 22,473,602 and those who provided advanced votes were 1,438,182 and the combination made up 23,911,784 voters (69.72% of eligible voters).

More than 70% of eligible voters cast votes in Kayah State, Chin State, Sagaing Region, Bago Region, Magway Region, Mandalay Region and Ayeyarwaddy Region. In Kachin State, Rakhine State, Shan State, Yangon Region and Tanintharyi Region, voters’ turnout was between 60% and 70%. Voters’ turnout was lowest in Kayin State and Mon State with 47% and 51% respectively when compared to other States and Regions.

In all States and Regions except Kayin State, 5% to 10% of total voters cast votes in advance. In Kayin State, 12% cast votes in advance out of total voters.

voter_turnout_for_pyithu_hluttaw_mm_and_eng.pdf
933.45 KB | pdf | 08-06-2016 | Myanmar | English
Download Preview
Creative Commons License