မြန်မာနိုင်ငံ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ စွမ်းဆောင်ရည် လေ့လာသုံးသပ်မှု အစီရင်ခံစာ (၂၀၁၀- ၂၀၁၅)
ယခုလေ့လာသုံးသပ်မှုသည် အဓိကအားဖြင့် အောက်ပါသုတေသနမေးခွန်းနှစ်ရပ်အား အဖြေရှာပေးခဲ့ပါသည်။ (၁) တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များသည် ၂ဝ၁ဝ-၂ဝ၁၅ ခုနှစ် လွှတ်တော်ပထမသက်တမ်းကာလအတွင်း မည်သို့စွမ်းဆောင်ခဲ့ကြပါသနည်း။ ယင်းတို့၏စွမ်းဆောင်မှုများသည် မည်သို့ကွဲပြားကြပါသနည်း။ (၂) ယင်းတိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များအနေဖြင့် ခိုင်မာသော ဖက်ဒရယ်အဖွဲ့အစည်းများအဖြစ် ရပ်တည်လျက် မြန်မာနိုင်ငံ၏ဒီမိုကရေစီနိုင်ငံရေးအဆောက်အအုံ တည်ဆောက်မှုတွင် ပါဝင်ဖြည့်စွက်နိုင် ရေးအပေါ် မည်သို့ သောစိန်ခေါ်မှုများ၊ အတားအဆီးများ၊ အခွင့်အလမ်းများနှင့် ဖြစ်ပေါ်လာနိုင်သော တိုးတက် ဖြစ်ထွန်းမှုများသည် မည်သို့ လွှမ်းမိုးနေပါသနည်း။