FAQ

Password ကိုပြောင်းမည်ဆိုပါက ဘယ်လိုပြောင်းရမလဲ?

ပထမဦးစွာ Login Page ရှိ “Request new Password” ကိုနှိပ်ပါ။ "Username or e-mail address" Box ထဲတွင် သင်၏  E-mail account ရိုက်တည့်ပါ။ ပြီးလျှင် “E-mail new password” ကိုနှိပ်ပါ။ Password Reset link ကို E-mail ထဲတွင်သွားကြည့်ပါ။ E-mail ထဲသို့ပို့ထားသော Link ကိုနှိပ်လျှင် နောက်ထပ် window (new tab) တစ်ခုပေါ်လာမည်။ ၄င်း window (new tab) တွင် “RESET PASSWORD” ကိုတွေ့ရမည်ဖြစ်ပြီး “Login”ကိုနှိပ်ပါ။ သင်၏ Username ဖြင့် Page တစ်ခုပေါ်လာမည်ဖြစ်သည်။ ၄င်း Page တွင် Username  နှင့် e-mail address ဖြည့်ပေးထားပြီး Password အသစ်ကို နှစ်ခါရိုက်ထည့်၍  အောက်ဆုံးတွင် "Save" ကိုနှိပ်ပါ။ အစိမ်းရောင်အမှန်ခြစ်ဘေးတွင် "The changes have been Saved" ပေါ်လာပြီဆိုရင် သင့် Password ပြောင်းလဲသွားပါပြီ။

Register လုပ်ဖို႔ မည်သည့်အချက်အလက်များ လိုအပ်သလဲ။

သုံးစွဲသူအမည်၊ email လိပ်စာနှင့် မိမိ၏ အလုပ်အကိုင်ကဏ္ဍကို ဖော်ပြရန်လိုအပ်ပါသည်။ email လိပ်စာကို အခြားမည်သည့် ရည်ရွယ်ချက်နှင့် အသုံးမပြုပါ။ Password အသစ်တောင်းခံခြင်း သို႔မဟုတ် သတင်း၊ အသိပေးခြင်းတို႔အတွက်သာ အသုံးပြုသွားမည်ဖြစ်ပါသည်။

MyPILAR သို႔ အကြံပြုလွှာ မည်သို႔ပေးပို႔နိုင်ပါသလဲ။

အသုံးပြုသူသည် [email protected] သိုemail မြန်မာဘာသာနှင့်ဖြစ်စေ အင်္ဂလိပ်ဘာသာနှင့်ဖြစ် email ပေးပိုနိုင်ပါသည်။

Website ကိုအချိန်နှင့် အမျှ မည်သို့ Update လုပ်ပါသလဲ။

Website  ကို အချိန်နှင့် အမျှ မည်သို႔ Update လုပ်ပါသလဲ။ 
အကြောင်းအရာအသစ် ပေါ်လာသည့်နှင့် တစ်ပြိုက်နက် Update လုပ်ပေးသွားမှာ ဖြစ်ပါသည်။ ယခင် တင်ထားသည့် ပုံနှင့် လေ့လာဆန်းစစ်ချက်များကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရင်း လေ့လာဆန်းစစ်ချက်များကို ထပ်မံဖြည့်စွက်သွားပါမည်။ အသုံးပြုသူမှ တင်ထားသည့် ဖိုင်များကို MyPILAR က လက်ခံရရှိပြီး တစ်ပါးသူအား အနှောင့်အယှက်ဖြစ်စေသော  သို႔မဟုတ် မလျော်ကန်သည့် အကြောင်းအရာများ ပါရှိမရှိကို စီစစ်ပြီးသည့်နှင့် Upload လုပ်ပေးသွားမည်။

 

ဘယ်သူတွေက File Upload လုပ်လို႔ရသလဲ။

Upload လုပ်ရန်အတွက် ဦးစွာအနေဖြင့် Registration လုပ်ရန်လိုအပ်ပါသည်။ သို႔သော် ပြင်မမှ Upload လုပ်ထားသည့် စာရွက်စာတမ်းများ၊ အချက်အလက်များနှင့် ပတ်သက်ပြီး MyPILAR တာဝန်တစ်စုံတစ်ရာမရှိဘဲ တစ်ခြားသူအား အနှောင့်အယှက်ဖြစ်စေသည့် သို႔မဟုတ် မမှန်ကန်သည့် အချက်အလက်များဖြစ်ပါက ပြန်လည်ဖယ်ရှားခွင့်ရှိကြောင်း အသိပေးအပ်ပါသည်။